ဂျပန်ကိုကျောင်းတက်ဖို့ လာရင်အခက်အခဲမရှိချင်ဘူးမလား??
HTML-код
- Опубликовано: 18 мар 2025
- ကျွန်တော်တို့ဂျပန်ကိုရောက်ပါပြီဆိုကတည်းက အရာရာ ကိုယ့်ခြေကိုယ့်လက်နဲ့ ရုန်းကန်ရတော့မှာပါ။ မသိသေးတဲ့အရာတွေ၊ နားမလည်သေးတဲ့ ကိစ္စတွေအများကြီးရှိတာမို့ အမှားနဲ့ မကင်းပါဘူး။ ဒါပေမယ့်ခု Videoမှာတော့ ကျွန်တော်လွန်ခဲ့တဲ့ ၃ နှစ် ၊ ဂျပန်ကိုစရောက်ကတည်းက ခုထိ ဘယ်လိုခြေလှမ်းတွေလှမ်းခဲ့တယ်ဆိုတာကိုပြောပြသွားမှာဘဲဖြစ်ပါတယ်။ အမှားတပြုံကြီးနဲ့ အမှန်နည်းနည်းလေးတွေကို သင်ခန်းစာယူလို့ရအောင် ပြောပြပေးထားတာပါ။
#dailyvlog #japan #myanmar #nihongo
တကယ် ကျေးဇူးတင်မိပါတယ်
@@yuyushwe5439ရပါတယ်ဗျာ ခုလိုကူညီပေးဖို့ RUclips Channelစလိုက်တာ။ Subscribe လုပ်သွားဖို့ မမေ့နဲ့နော်❤️❤️
Language schoolတက်နေတုန်း ၂၈နာရီကနေ ပိုလုပ်ရင် မြန်မာနိုင်ငံကို ပြန်ပို့တယ်ပြောလို့ပါ ဟုတ်လားရှင့်
အချိန်ပိုင်းအလုပ်ကရတဲ့ငွေက ကျောင်းခအတွက်ကော လုံလောက်လားရှင့်
Undergraduateပါ။ Lsမတက်ပဲ Uniတန်းတက်ဖို့ အဆင်ပြေပါ့မလားရှင့်။ Julyမှာ N2ဖြေမှာပါ။ EJUနှင့် IELTSကော ပြင်သွားဖို့လိုလားရှင့်။ Uniနှင့် collegeဘယ်ဟာပိုကောင်းလဲရှင့်။
Uniတက်တဲ့အခါမှာလည်း Part time jobက ၁ပတ် ၂၈နာရီပဲ လုပ်ရတာလားရှင့်။
@@SAGUAR-g9t ဘယ်လောက်အတိုင်းအတာထိပိုတာလဲဆိုတာလဲရှိပါသေးတယ်ဗျ ။ တစ်ပတ်ကို တစ်နာရီ ကျော်တာလောက်ဆိုရင်တော့ နောက်နှစ်မှာကိုယ်ဆောင်ရမယ့်အခွန်ပိုတိုးလာမျိုးလောက်ဘဲရှိတတ်ပါတယ် ဥပမာ ကျွန်တော်ဆိုရင် ကျန်းမာရေးအခွန်ကိုပိုဆောင်ရတယ် ၊ အလုပ်ချိန် တစ်နာရီ နှစ်နာရီပိုတာရယ် ၊ တစ်နာရီလခများတာရယ်ကြောင့်ပါ။ အရမ်းများလာရင်တော့ဟိုကဘာမှမပြောဘဲ Visa သက်တမ်းတိုးရင် အသစ်ထပ်ထုတ်မပေးတော့ပါဘူး။ နောက်တစိခုက ကျောင်းလခ လောက်လားဆို တစ်ပတ်၂၈ကနေရတဲ့လခတစ်ခုတည်းနဲ့ကမလောက်ပါဘူး အိမ်ကိုပြန်ပြီးအနည်းနဲ့အများတောင်းရပါတယ်ဗျ ။ Lsမတက်ဘဲ Uniတန်းတက်မယိဆိုရင် ကိုယ့်ဘက်ကတော့ တော်တော်များများပြင်ဆင်ဖို့လိုပါလိမ့်မယ် မရဘူးတော့မဟုတ်ပါဘူး ။ EJU IELTSကတော့ ပြင်ကိုပြင်ရမှာပါ သူတို့က ကျောင်းလျောက်ဖို့အတွက်လိုပါတယ် နောက်ဆူံးတစ်ခုကတော့ ကိုယ်တက်ချင်တဲ့ Major၊ ကိုယ်ပေးနိုင်တဲ့ အချိန် ၊ အလုပ်စောစောဝင်ချင်လား မဝင်ချင်ဘူးလားဆိုတာတို့နဲ့ဆိုင်ပါတယ် ၊ ပြီးတော့ ကျောင်းလခရောပေါ့။
@Htetvlogss EJUကို Myanmarမှာပဲ ပြင်ခဲ့ရမလား ဒါမှမဟုတ် EJUအတွက် ပြင်ပေးတဲ့ LSပဲ တက်ရင်ကောင်းမလားရှင့်
@ နှစ်ခုလုံးကောင်းပါတယ်၊ ပိုပြီးပြင်ဆင်ထားလေကောင်းလေဘဲမို့
အခုလိုရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်🌟
University နဲ့ college ရွေးရခက်နေလို့ ရှင်းပြပေးလို့ရမလားရှင့် အသက်အရွယ်နဲ့လည်းချိန်ရလို့ပါရှင့်
Videoလေးတစ်ခုလုပ်ပေးပါ့မယ်ခင်ဗျာ❤️
Bro where can I contact you,i wanna ask lots of questions,i’m preparing to depart next year so please 🙏
@@KeithBeingNaive facebook.com/share/1HapZX9GqQ/?mibextid=wwXIfr My Facebook account, brother. I’ll help you the best I can. ❤️
tokyoမှာရော ECCလို進学လေး recommend လိုချင်ပါတယ်
1. 東京中央日本語学院(TCJ)
2. 早稲田文化館日本語科
3. 早稲田言語学院
4. 東京国際文化学院
ဒါက ကျွန်တော်သိရသလောက်ပါ၊ ဒါပေမယ့် tokyoဘက်ကိုတော့အရမ်းမနှံ့စပ်တာမို့ ကိုယ်တိုင်လဲ တစ်ချက်စုံစမ်းကြည့်ပြီးမှ ရွေးဖို့ အကြံပေးလိုပါတယ်
@@Htetvlogss どうもありがとう
@ ရပါတယ်ခင်ဗျာ❤️
ခုလိုများများတင်ပေးပါအစ်ကို ညီမလဲ2026 April intakeတွက်registerတင်ထားလို့ နောက်တက်မဲ့နှစ်တွက်ပိုက်ဆံမလောက်မှာစိတ်ပူနေလို့အစ်ကို lsပထမနှစ်တွက်ကreadyဖြစိနေပေမဲ့ဒုတိယနှစ်နဲ့ကောလိပ်တ္ငက်စိတ်ပူနေလို့ အစ်ကိုတုန်းကကောဘယ်လိုလုပခဲ့လဲမျှဝေပါအုန်းရှင့်
Lsပြီးသွားလို့ ကောလိပ်သွားချင်တဲ့အခါ ဝင်ခွင့်အတွက်EJUတို့ ဘာတို့ဖြေရတယ် ကြားလို့ EJUဆိုတာဘယ်လိုမျိုးလဲ ခက်လား ဂျပန်မရောက်ခင်ကထဲက ကြိုလေ့လားထားကိုထားသင့်တာလားဗျ
@@MoeGyi-n4e college ဆိုရင်တော့မလိုတာများပါတယ်။ EJUမှာ အပိုင်း 4 ခုရှိပြီးတော့ Japan- Science- Mathematics- Japan and the world( History/politics/ economics ) ဆိုပြီးရှိပါတယ် ။ ကျောင်းအလိုက် အမှတ်လိုအပ်ချက်မတူပါဘူးဗျ။ ခက်လားဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင် Japanစာ N2-N1 lv, maths and science ကကျ အထက်တန်းအဆင့် Japan and the world ကတော့ maths တို့ဘာတို့လောက်ထိတော့မခက်ဘူးဗျ ။ အကယ်၍ ကိုယ်တက်မယ့်ကျောင်းက ranking မြင့်တယ်ဆိုရင်တော့ ကြိုလေ့လာထားတာကောင်းပါတယ် ၊ ကျောင်းလျောက်ဖို့အတွက်လဲလိုအပ်တဲ့ဟာတွေကို ကျောင်းကိုတိုက်ရိုက်စုံစမ်းတာ၊ website ကနေတဆင့်ရှာတာလို့လုပ်လို့ရပါတယ်❤️
@Htetvlogss ကျေးဇူးပါဗျ
@ ရတယ် brother သိချင်တာရှိရင်အချိန်မရွေးမေးလို့ရပါတယ်
စိတ်မရှိပါနဲ့ဘရို ECC ကကိုယ်သွားချင်တဲ့လမ်းကိုမသိတဲ့သူတွေတက်တာလားဗျ ရည်မှန်းချက်ကိုသိအောင်ရှာပြပေးတဲ့နေရာလားဘရို တကယ်မသိလို့ပါ
@@riam8251 အမှန်ကဒီလိုပါ၊ သူ့ရဲ့ course က College or university အတွက်ပြင်ပေးတာပါ ကျွန်တော်က ဘာတက်ရမှန်းမသိတာနဲ့ အချိန်ယူချင်သေးတာမို့ ရွေးလိုက်တဲ့သဘောပါ ။ Ls မှာစဉ်းစားထားရင်ရတာကို မစဉ်းစားထားတော့ ECCမှာအချိန်ယူလိုက်ရတဲ့သဘောမျိူးပါ ။ ကျွန်တော်ရှင်းပြဖို့လိုသွားတယ်
@Htetvlogss ကျေးဇူးတင်ပါတယ်ဘရို
@ ရပါတယ်ဗျာ❤️